Home » News » မိုးညှင်းဒီဂရီကောလိပ်တွင် (တတိယအကြိမ်)၊ မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲကျင်းပ

မိုးညှင်းဒီဂရီကောလိပ်တွင် (တတိယအကြိမ်)၊ မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲကျင်းပ

မိုးညှင်းဒီဂရီကောလိပ်တွင် (တတိယအကြိမ်)၊ မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲကျင်းပ

မိုးညှင်းဒီဂရီကောလိပ်တွင် ၂၀၁၈-၂၀၁၉ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံမှ တတိယ အကြိမ်အဆင့်မြင့်ပညာ ကဏ္ဍ မြန်မာဘာသာစကား စွမ်းရည်ပြိုင်ပွဲကို ဇူလိုင်လ ၁၁ရက်နေ့မှ ၁၂ရက်နေ့အထိ နေ့စဉ်နံနက် (၉)နာရီမှ မွန်းတည့်(၁၂)နာရီထိ တစ်ကြိမ် မွန်းတည့်(၁၂)နာရီမှ ညနေ(၃)နာရီထိတစ်ကြိမ် ကျင်းပလျက်ရှိရာ ယနေ့သည် ပြိင်ပွဲဒုတိယနေ့အဖြစ် ယှဉ်ပြိုင်လျက်ရှိ ကြောင်းသိ ရသည်။

မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲတွင် အရေးစွမ်းရည်ပြိုင်ပွဲ၊ အပြောစွမ်းရည်ပြိုင်ပွဲနှင့် အရွတ်အဖတ် စွမ်းရည်ပြိုင်ပွဲများထည့်သွင်း ယှဉ်ပြိုင်စေမည်ဖြစ်ပြီး အရေးစွမ်းရည်ပြိုင်ပွဲတွင် စာစီစာကုံးနှင့် ကဗျာစပ် ပြိုင်ပွဲများ ပါဝင်မည်ဖြစ်၍ အပြောစွမ်းရည်ပြိုင်ပွဲတွင် ကျပန်း စကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲများ၊ အရွတ်အဖတ် စွမ်းရည်ပြိုင်ပွဲတွင် ကဗျာ၊ ရသစာတမ်းများ ပါဝင်မည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မြန်မာစာဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာလွင်လွင်က အခုအကြိမ်က တတိယအကြိမ်ကျင်းပတာဖြစ်တယ်၊ မိုးညှင်းမြို့ဟာ ကချင်ပြည်နယ်ထဲက မြို့တစ်မြို့ဖြစ်တဲ့ အတွက် ကချင်နှင့် ရှမ်းတိုင်းရင်းသားတွေ တော်တော်များတယ်၊ အခုပြိုင်ပွဲမှာသူတို့တွေ ပါဝင်ယှဉ်ပြိုင်တဲ့အတွက် အလွန်ကျေနပ်မိတယ် ဟု ပြောကြားခဲ့ပါသည်။

ယခုကျင်းပနေသည့် မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲကို ပြိုင်ပွဲ ပထမနေ့အဖြစ် ဇူလိုင်လ(၁၁) ရက်နေ့တွင် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာစပ်ပြိုင်ပွဲ၊ ကဗျာရသစာတမ်းပြိုင်ပွဲများ ကျင်းပပြီးစီးခဲ့ပြီး ယနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ ကျပန်းစကားပြောပြိုင်ပွဲ၊ မွန်းတည့်(၁၂)နာရီမှ (၃)နာရီအထိ စကားရည်လု ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွက် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/သူ (၁၂)ဉီး ဝင်ရောက် ယှဉ်ပြိုင် လျက်ရှိကြောင်းသိရသည်။

 



Back