Home » News » (၇၂)နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲ

(၇၂)နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲ

IMG_5315 IMG_5328

(၇၂)နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲ

=================================

(၇၂)နှစ်မြောက်အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲကို မိုးညှင်းဒီဂရီကောလိပ် မြန်မာစာဌာန အခန်း(A-3)တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို နှစ်စဉ်နှစ်တိုင်း မမေ့မလျော့အမှတ်ရနေစေရန် အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပရာအခမ်းအနားသို့ မိုးညှင်းဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာညွန့်စိုး၊ မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာလွင်လွင်၊ ပထဝီဝင်ဌာန ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာဉီးခင်မြို့နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရှိရ ပါသည်။

ယင်းစာစီစာကုံးပြိုင်ပွဲတွင် မိုးညှင်းဒီဂရီကောလိပ် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၀)ဉီး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိပါသည်။

 



Back